|
|
|
 |
ကြိုဆိုပါတယ်ဗျာ ..................... |
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
 |
|
|
 |
အသုံးဝင်စေမဲ့ website လေးတွေပါ .............................
http://uncyclopedia.org
google ကနေ ကုမ္ပဏီကိုအလုပ်လာရှောက်တဲ့ လူတွေကို မေးခွန်းတွေမေးပါတယ်။ ထင်ရှားတဲ့ မေးခွန်းက ““နပိုလီယန် စီးခဲ့တဲ့ မြင်းဖြူကြီးက ဘာအရောင်လဲတဲ့” အဲဒီလိုမျိုး ကြံကြံဖန်ဖန် ကတ်သီးကတ်သတ်တွေကို ရေးသားဖော်ပြထားပြီး ဟာသစွယ်စုံကျမ်းတစ်ခု တည်ဆောက်ထားပါတယ်။ Logo ဒီဇိုင်းယူထားတဲ့ ပုံသဏ္ဍာန်ကိုက WiKi ရဲ့ logo ကို အချိုးဖျက်ပြီး ရေးဆွဲထားတာဖြစ်တဲ့အပြင် နည်းပညာ၊ လူမှုရေး၊ စီးပွားရေးနဲ့ ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖြစ်အပျက်မှန်သမျှကို ဟာသအမြင်နဲ့ သရော်တော်တော်ဖော်ပြ တင်ဆက်နေတာမို့ စွယ်စုံကျမ်းစာမျက်နှာတွေမှာ WiKi ပြီးရင် လူကြိုက်အများဆုံး စာမျက်နှာတစ်ခု တစ်မုဟုတ်ချင်း ဖြစ်တည်လာပါတယ်။ ခင်ဗျားရဲ့ ဟာသဥာဏ်တွေကို တစ်ကမ္ဘာလုံးကို ဖြန့်ဝေဖို့အတွက် အခမဲ့ရေးသားတည်းဖြတ်နိုင်ခွင့်လည်း ရရှိပါဦးမယ်။
http://www.geekpedia.com
နည်းပညာနဲ့ပတ်သတ်သမျှ “ဟင်းလေးအိုးကြီးလို့“ အဆိုရှိပါတယ်။ Geek pedia ဟာ သူ့ရဲ့စာမျက်နှာမှာ တင်ထားတဲ့ သူ့ကိုယ်ပိုင်အကြောင်းအရာက နည်းပါးလှပေမယ့် သူကနေ ရှာဖွေချိတ်ဆက်ထားတဲ့ ကွန်ပျူတာနည်းပညာ လုပ်ကိုင်နည်းတွေကတော့ အလွန်ပေါများပြီး ထိရောက်မှုရှိပါတယ်။ Tips and tricks တွေနဲ့ How to guide line ကိုဦးတည်ဖော်ပြပေးနေတာမို့ ၀င်ရောက်လည်ပတ်တဲ့ လူအဖို့အကျိုးကျေးဇူး တစ်စုံတစ်ရာ ဖြစ်ထွန်းမယ်ဆိုတာ သေချာလှပါတယ်။
http://www.iconspedia.com
Destop အတွက်ပဲဖြစ်စေ၊ ကိုယ်web စာမျက်နှာကို အလှဆင်ဖို့ပဲဖြစ်စေ လိုအပ်တဲ့ icon လေးတွေကို ရရှိနိုင်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ Windows, Apple, Linux platform အတော်များများမှာ သုံးစွဲနိုင်စေမယ့် icon တွေကို server ကနေ တိုက်ရိုက် download ချပြီး ရယူနိုင်ပါတယ်။ စတင်တည်ထောင်ထားခဲ့တဲ့ အချိန်မကြာလှသေးတဲ့အတွက် တည်ရှိနေတဲ့ icon လေးတွေကတော့ စုံလင်မှုအားနည်းနေသေးပါတယ်။
http://www.softpedia.com
Freeware ကိုရှာနေသလား၊ Shareware ကိုပဲစမ်းသုံကြည့်ချင်ပါသလား။ ကမ္ဘာအနှံ့မှာရှိနေတဲ့ commercial နဲ့ noncommercial စတဲ့ရှိရှိသမျှ software မျိုးစုံကို server မှာသိမ်းဆည်းပေးထားပြီး “မရ” ဆိုတာမရှိရလေအောင် ၀န်ဆောင်မှုပေးနေတဲ့ “ဆော့ဖ်ဝဲစွယ်စုံကျမ်းကြီး” တစ်ခုဟာ softpedia ဖြစ်ပါတယ်။ အသစ်ရောက်ရှိလာတဲ့ ဆော့ဖ်ဝဲတွေကိုလည်း subscribe လုပ်ပြီး ကိုယ့်အီးမေးလ်ထဲကို အချိန်မှန် သတင်းတစ်ခုအနေနဲ့ ရောက်ရှိနေစေဖို့ ညွှန်ကြားထားနိုင်ပါတယ်။
http://en.wikipedia.org
ကျောင်းသား လူငယ်တွေကစလို့ ပါမောက္ခချုပ်တွေအဆုံး၊ မဂ္ဂဇင်း အယ်ဒီတာတွေကစလို့ ရုပ်သံလွှင့်လုပ်ငန်းရှင်တွေအထိ အထူးအားကိုးကြတဲ့ “ဂျင်မီးဝေးလ်စ်” ရဲ့ “၀ီကီပီးဒီးယား” ကတော့ အထင်ကရမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါ။ ပြည့်စုံကုံလုံတဲ့ အချက်အလက်တွေ၊ လုံလောက်တဲ့ အကိုးအကားတွေနဲ့ ဒီဘက်ဆယ်စုနှစ်တွေအတွင်းမှာ ထင်ရှားလာတဲ့ online စွယ်စုံကျမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဘာသာစကားအတော်များများနဲ့ ဖတ်ရှုလို့ရတဲ့အပြင် ကိုယ်ကိုယ်တိုင် ဆောင်းပါးတွေကို ပါဝင်ရေးသားခွင့်နဲ့ တည်းဖြတ်ခွင့်ပေးထားတဲ့အပြင် နှစ်စဉ်နှစ်တိုင်း အကောင်းဆုံးဖြည့်စွက်ရေးသားနိုင်တဲ့ လူကိုဆုချီးမြှင့်လေ့ရှိတာဟာ ၀ီကီရဲ့ အစဉ်အလာတစ်ခုပါပဲ။
http://www.gadgetspedia.com
ဖုန်း၊ နာရီ၊ ဟန်းဆက်စတဲ့ accessories များနဲ့ နည်းပညာအသုံးပြုထားတဲ့ တခြားထွေထွေရာရာ gadget လေးတွေကို စုပေါင်း ပြီးဖော်ပြထားပါတယ်။ ဥပမာအားဖြင့် ကမ္ဘာအကြီးဆုံး plasma တီဗွီအသံကို ပြောင်းလဲပေးနိုင်တဲ့ တယ်လီဖုန်း electronic paper။ အိမ်မွေးတိရစ္ဆာန်ငယ်ကလေးများအတွက် အသုံးဝင်တဲ့ ပစ္စည်းလေးတွေနဲ့ လူငယ်လူရွယ်တွေအတွက်သာမကပဲ လူကြီးပိုင်းအရွယ်တွေအထိပါ အသုံးပြုနိုင်တဲ့ နည်းပညာပစ္စည်းငယ်လေးများတို့ရဲ့ စွယ်စုံကျမ်းတစ်ခု ဖြစ်ပါတယ်။
http://www.artcyclopedia.com
အနုပညာစွယ်စုံကျမ်းကြီးတစ်ခု ဖြစ်ပါတယ်။ အနုပညာရှင်ပေါင်း 8700 ကျော်ကို စုစည်းထားပါတယ်။ ဥပမာအားဖြင့် ဗင့်ဆင့်ဗန်ဂိုးဆိုပြီး search box မှာရှာဖွေလိုက်တာနဲ့ ဗန်ဂိုးရဲ့ အတ္ထုပ္ပတ္တိ၊ ဗန်ဂိုးရဲ့ပန်းချီကားများကို အစုံအလင်ရရှိခံစားနိုင်ပါတယ်။ အနုပညာသတင်းတွေနဲ့ အတူ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ Museum တွေကိုပါ link ပေါင်း မြောက်မြားစွာနဲ့ ချိတ်ဆက်ဖော်ပြထားပါတယ်။
http://www.bigpedia.com
တချို့သောနည်းပညာ အနုပညာတွေဟာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေပါတယ်။ အခု bigpedia ဟာ အဲဒီတိမ်မြုပ်လုနည်းပညာတွေကို ပြန်လည်ရှာဖွေဖော်ထုတ်နိုင်ဖို့ ပေးအပ်ထားတဲ့ search engine တစ်ခုဖြစ်ပါတယ်။ ဒီအထဲမှာ ရှာဖွေဖို့အတွက် အရင်ဆုံးကိုယ်ကိုယ်တိုင် စာလုံးပေါင်းအမှန်ကို သိနေဖို့လိုပါမယ်။ ဥပမာ 'picasso' ဆိုပါတော့ အဲဒီနာမည်အမှန်ရရှိဖို့ကို trick တစ်ခုအနေနဲ့ google မှာ အရင်ဆုံး နာမည်ရှာဖွေကြည့်ပါ။ ပြီးရင် အခု bigpedia ကို သုံးစွဲပြီး ရှာဖွေလိုက်တဲ့အခါမှာ google မှာရှာဖွေရ ခက်ခဲတဲ့ စာမျက်နှာတွေပါ ရရှိပါလိမ့်မယ်။
http://www.herospedia.com
ခင်ဗျားရဲ့ ရင်ထဲက သူရဲကောင်းဟာ ဘယ်သူများပါလိမ့်။ အခု site ထဲမှာ ကိုရီးယား၊ အမေရိကန်၊ တရုတ်စတဲ့ နာမည်ကြီး TV ဇာတ်လမ်းတွတြွေအထဲက ဇာတ်ကောင်တွေရဲ့ ဓာတ်ပုံတွေနဲ့ အတူလှုပ်ရှားမှု အနုပညာသတင်းတွေ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိတွေ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိတွေကိုပါ ဖတ်ရှုနိုင်ပါမယ်။ ယခုနာမည်ကြီးနေတဲ့ hayden, kristen တို့ရဲ့ အသံဖိုင်တွေ၊ clip တွေကိုပါ နမူနာရရှိနိုင်ပါသေးတယ်။
http://www.thetechpedia.com
SEO နည်းပညာသတင်းနဲ့ သင်ခန်းစာတွေအတွက် အားကိုးရတဲ့နောက်ထပ်စာမျက်နှာတစ်ခု ဖြစ်ပါတယ်။ တစ်ဆင့်ချင်းရှင်းလင်းပြသထားတဲ့ သင်ခန်းစာတွေ၊ presentation အတွက် powerpoint နဲ့လုပ်ကိုင်နည်းတွေ၊ graphic wallpaper တွေ၊ software နဲ့ လုံခြုံရေးသတင်းတွေ၊ window vista အတွက် shortcut key တွေ အလွန်စုံလင်တဲ့နည်းပညာ လျှို့ဝှက်ချက်တွေကို တင်ပြထားတဲ့ blog အနွယ်ဝင် web စာမျက်နှာတစ်ခုဖြစ်ပါတယ်။
http://www.literaturepedia.com
စာပေစွယ်စုံကျမ်းမှာ “Arts, Business, Computers and Internet” စသဖြင့် ခေါင်းစဉ်ငယ်လေးတွေ ခွဲခြားပေးထားပါတယ်။ ဆောင်းပါး၊ သတင်း၊ ခေါင်းကြီးပိုင်းတွေနဲ့ ဆိုင်ရာဆိုင်ရာ ကဏ္ဍတွေမှာ အလွန်ကောင်းတဲ့ အခန်းကဏ္ဍတွေပါဝင်နေတဲ့ website တွေဆီကို link ညွှန်ထားပါတယ်။
http://www.mobilepedia.com
GSM, CDMA ဆယ်လူလာ အစရှိသမျှ၊ Mobile ဖုန်းမှန်သမျှရဲ့ သတင်းတွေနဲ့ flaw တွေကိုဖော်ပြပေးထားတဲ့ မိုးဘိုင်းလ်စွယ်စုံကျမ်းတစ်ခုဖြစ်ပါတယ်။
http://www.skypedia.org
လေ့လာစရာ မကုန်နိုင်အောင် ပေါများပြီး စိတ်ဝင်စားစရာကောင်းလှတဲ့ ကောင်းကင်ကြီးကို နက္ခတ္တဗေဒပညာနဲ့ သိပ္ပံနည်းကျကျ လေ့လာလိုသူတွေအတွက် အသုံးဝင်ပါတယ်။
http://www.game-o-pedia.com
game သမားတွေအတွက် တင်ရှိပေးထားတဲ့ စာမျက်နှာတစ်ခု ဖြစ်ပါတယ်။ Mario ရဲ့ဖန်တီးရှင် Miyamoto ရဲ့သတင်းတွေနဲ့ wii, nitendo စတဲ့ game box တွေရဲ့ သတင်း၊ အကောင်းဆုံး game များနဲ့ ဂိမ်းချစ်သူအဖွဲ့ဝင်တွေနဲ့ ဝေေ၀ဆာဆာ ရှိလှပါတယ်။
http://www.toonopedia.com
ထွက်ရှိနေဆဲ၊ ထွက်ခဲ့ပြီးသမျှ၊ ထွက်လာလတ္တံ့သော ကာတွန်း၊ ကောမစ်ရုပ်ပြပေါင်း မြောက်မြားစွာတို့ကို ရုပ်ပုံ၊ စာသားရဲ့ Link တွေကို ပေါင်းစပ်ပြီး ချိတ်ဆက်ပေးထားတဲ့ “ကာတွန်စွယ်စုံကျမ်း” စာမျက်နှာတစ်ခုဖြစ်ပါတယ်။ Superman, supergirl တွေသာမကဘဲ ရှားပါကာတွန်းလက်ရာတွေဖြစ်တဲ့ Titans (1964 ထုတ်) တွေကိုပါ ရှာဖွေတွေ့ရှိပြီး အလွယ်တကူနဲ့ နမူနာများ ရယူရင်း အလွယ်တကူဝယ်ယူနိုင်အောင် စီစဉ်ထားပါတယ်။
ကွန်ပြူတာဂျာနယ်, May 2008, page 108, 109 မှ ကူးယူဖော်ပြသည်။
|
|
 |
|
|
|
|