|
|
|
 |
ကြိုဆိုပါတယ်ဗျာ ..................... |
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
 |
|
|
 |
ကြားကြားသမျှလေးတွေ မျှဝေတာပါ ..........
Thayet Myo Hacking Day Virus ကိုက်ခံနေရရင်
ပထမဆုံး သတိထားရမှာက System နဲ့ပတ်သက်တာတွေကို မခေါ်မိဖို့ပါပဲ။
(E.g Task Manager, regedit , msconfig) အဲဒါတွေခေါ်မိရင်တော့ သည် Virus က hal.dll ဆိုတဲ့ file ကို ဖျက်ပစ်တဲ့အတွက် Virus
ထိနေတဲ့စက်က Restart ကျပြီးရင် Windows ပြန်တက်လာမှာ မဟုတ်တော့ပါဘူး။ နောက်ပြီး သည် Virus က Desktop ပေါ်မှာရှိတဲ့ Software
တွေရဲ့ Shortcut တွေနေရာမှာဝင်ရောက်နေရာယူ
နေပါတယ်။Virus ကိုက်ခံနေရတဲ့ File တွေက Power Archiver icon ပုံပြောင်းနေပါလိမ့်မယ်။
Software တွေမှာ ၀င်ရောက်နေရာယူနေပြီဆိုရင်တော့ Uninstall လုပ်ပစ်ရပါလိမ့်မယ်။ သည် Virus ရဲ့ Source File ရှိတဲ့နေရာကတော့
C:WindowsBackup ဆိုတဲ့ Folder ထဲက explorer.exe ဆိုတဲ့ File ပါဘဲ။ C: အောက်မှာလည်း ရှိပါသေးတယ်။ သည် Virus ကို
ရှင်းမယ်ဆိုရင်တော့ ပထမ လိုအပ်တာက Process Manager ကို ခေါ်လို့ရတဲ့ Software သုံးရပါမယ်။ ဥပမာ TuneUp လို Software
မျိုးပေါ့။TuneUp ထည့်ပြီးရင်တာ့ Virus Run နေတဲ့ Process တွေကို ပိတ်ပစ်ဖို့အတွက်
TuneUp က Process Manager ကိုခေါ်ရပါမယ်။အဲဒီမှာ explorer.exe ကိုပိတ်ပါ။
ပြီးတော့StartUp Manager ကိုခေါ်ပါ။အဲဒီမှာ explorer.exe ကို delete လုပ်ပါ။Desktop မှာပေါ်နေတဲ့ စာတန်းလေး ပျောက်သွားရင်တော့
restart လုပ်ကြည့်ပါ။ပြန်တက်လာလို့ ဘာမှမဖြစ်ရင်တော့ အားလုံးကောင်းသွားပါပြီ။အားလုံးကောင်းသွားရင်တော့ Registry editorကိုခေါ်ပြီး
registry ကိုပြန်ပြင်လို့ရပါပြီ။
AVG နောက်ဆုံး Update နဲလည်း သတ်လို့ရပါတယ်။
Update ကို http://www.grisoft.com/ww.download-update မှာ download လုပ်လို့ရပါတယ်။
Label : IT News
www.myanmaritpros.com မှကူးယူဖော်ပြပါသည်။
-------------------------------------------------------------------------------------------
Party Chat in Gtalk
Party Chat ဆိုတာက Gtalk မှာ အုပ်စုဖွဲ့ပြီး Chat လို့ရအောင် လုပ်ပေးတဲ့ service တစ်ခုပါ။ အားလုံးသိတဲ့အတိုင်း အရင်တုန်းက Gtalk မှာ တစ်ယောက်ချင်းစီကိုပဲ ပြောလို့ရတာမဟုတ်လား။ ဒီ Party Chat ကိုသုံးရင် အုပ်စုဖွဲ့ပြီး Chat လို့ရပါပြီ။ လုပ်နည်းလေးကတော့..
၁။ Gtalk ထဲကို login လုပ်ပါ။
၂။ ပြီးရင် partychat@gmail.com ကို invite လုပ်ပါ။ (partychat2, partychat3 စတာတွေကိုလည်း invite လုပ်လို့ရပါတယ်)
၃။ Partychat@gmail.com ဟာ ချက်ချင်း online ဖြစ်နေပါလိမ့်မယ်။
၎။ partychat နဲ့ စကားပြောဖို့ သူ့အပေါ်မှာ နှိပ်ပါ။
၅။ partychat ဟာ လူမဟုတ်ပါဘူး။ ဒါကြောင့် command တွေသုံးပြီး ပြောကြည့်ကြမယ်။
၆။ ရုပ်ရှင်အကြောင်း ပြောကြမဲ့ chat channel တစ်ခုဖန်တီးမယ်ဆိုပါစို့။ /make movies လို့ရိုက်လိုက်ပါ။ movies နေရာမှာ ကိုယ်ကြိုက်တဲ့ channel name ဖန်တီးလို့ရပါတယ်။
၇။ ဒါဆိုရင် channel လုပ်လို့ပြီးသွားပါပြီ။ အုပ်စုဖွဲ့ပြောချင်တဲ့ သူငယ်ချင်းတွေကိုလည်း partychat@gmail.com ကို invite လုပ်ခိုင်းပါ။
၈။ သူတို့ကိုတော့ ကိုယ်ဖန်တီးထားတဲ့ channel မှာ ၀င်ပြောနိုင်ဖို့အတွက် /join movies လို့ရိုက်ခိုင်းပါ။
၉။ ကဲ...အုပ်စုဖွဲ့ပြီး ပြောချင်သလောက် ပြောလို့ရပါပြီ။
အောက်မှာ Partychat မှာ ထပ်ပြီးသုံးလို့ရတဲ့ command တွေကို ရေးပြထားပါတယ်။
/create chat_name password - party chat တစ်ခုဖန်တီးရန်၊ password ပေးချင်ပါက chat_name နောက်မှာ space ပုတ်ပြီး password ပေးနိုင်ပါတယ်။
/join chat_name password - party chat တစ်ခုကို ဆက်သွယ်ရန်၊ ထို chat သည် password ပေးထားပါက chat_name နောက်တွင် space ပုတ်ပြီး password ထည့်ပြီး enter ခေါက်ပါ။
/exit - party chat ကနေ ထွက်ဖို့ပါ။
/list - chat ထဲမှာ ရှိနေတဲ့ လူအရေအတွက်ကို ကြည့်ရန်။
တခြားကျန်နေတဲ့ command တွေကိုတော့ /commands နဲ့ကြည့်နိုင်ပါတယ်။
IT MEN blog မှာကူးယူတင်ပြါပါသည်။
|
|
 |
|
|
|
|