|
|
|
 |
ကြိုဆိုပါတယ်ဗျာ ..................... |
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
 |
|
|
 |
Photoshop လေ့လာနေ သူများအတွက် အသုံးဝင်မည့်  website များ
http://www.iyiz.com
ဓာတ်ပုံ တည်းဖြတ်ပြုပြင်တဲ့ software မျိုးစုံတွေအတွက် အဆင့်မြင့်အသုံးချနိုင်တဲ့ သင်ခန်းစာမျိုးစုံပြီး စုစည်းပေးထားပါတယ်။ Tool and tips တွေဟာ စုံလင်များပြားလွန်းတဲ့အတွက် ယခုလတ်တလောမှာ အားကိုးအခံရဆုံးနဲ့ User စိတ်ဝင်စားမှုမရှိဆုံး photoshop tutorial website တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်လာနေခဲ့ပါပြီ။ ဒါ့အပြင်တခြား software တွေဖြစ်တဲ့ dreamwaver, flash စတဲ့ program တွေရဲ့ သင်ခန်းစာဖိုင်တွေကိုပါ ရရှိနိုင်ပါသေးတယ်။
http://www.noupe.com
Design အနုပညာလောကအတွက် တန်ဖိုးအရှိဆုံး ဆော့ဖ်ဝဲနှစ်ခုဖြစ်တဲ့ Photoshop နဲ့ illustrator တို့ရဲ့ လျှို့ဝှက်ချက်၊ ဆောင်ရန်၊ ရှောင်ရန်တွေကို အဓိကဇောင်းပေးပြီး ဖော်ပြထားပါတယ်။ Blog ဆန်ဆန်တင်ပြထားတဲ့အတွက် ငြီးငွေ့စရာမရှိဘဲ လေ့လာချင်တဲ့ catyegory တစ်ခုချင်းအလိုက် စိတ်တိုင်းကျ လေ့လာလို့ရနိုင်ပါတယ်။ ဆောင်းပါးကောင်းတွေထဲမှာ ဥပမာအားဖြင့် '53 killer illustrator tips' တို့လိုနမူနာကောင်းကောင်းတွေ ပါဝင်ပါတယ်။
http://pstutorialblog.com
ခေတ်မီတဲ့ blog တစ်ခုဖြစ်ပါတယ်။ Photoshop သင်ခန်းစာတွေကို internet ထဲကနေ search engine ပေါင်းများစွာကို အသုံးပြုပြီး ရှာဖွေတင်ဆက်ပေးထားတဲ့အတွက် အဖိုးတန်ရင်းမြစ်တွေကို တစ်ထိုင်တည်းနဲ့ ရယူခံစားနိုင်တဲ့အပြင် design လောကမှာ ဖြစ်ပျက်သမျှ သတင်းအချုပ်တွေကိုပါ ပုံမှန်တင်ဆက်ပေးလေ့ရှိပါတယ်။
http://www.planetphotoshop.com
သင်ခန်းစာရင်းမြစ်တွေနဲ့ အဓိကလိုက်နာသင့်တဲ့ အချက်အလက်တွေကို ဦးတည်ဖော်ပြပေးထားပါတယ်။ Planet ဆိုတဲ့အတိုင်း ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ Photoshop သင်ခန်းစာဖိုင်တွေကို ချိတ်ဆက်တင်ပြပေးထားတဲ့ totorial စုံလင်လှတဲ့ စာမျက်နှာတစ်ခုပါ။
http://www.psdtuts.com
အခုနောက်ပိုင်း photoshop သင်ခန်းစာတွေကို တင်ဆက်ထားတဲ့ website တွေဟာ သူတို့ရဲ့ကိုယ်ပိုင် သင်ခန်းစာတွေ များစွာရှိလာအောင် အားထုတ်ကြိုးပမ်းလာကြပါတယ်။ အဲဒီကိုယ်ပိုင် သင်ခန်းစာတွေနဲ့ PCworld မဂ္ဂဇင်းနဲ့ ကွန်ပြူတာဂျာနယ်တွေမှာ အမှတ်တရဖော်ပြပြီး နေရာပေးခံလာရတဲ့ psd tuts မှာ အလွန်ကောင်းမွန်တဲ့ သင်ခန်းစာပေါင်းများစွာ ရှိပါတယ်။ တကယ်လို့ user ဟာ ကိုယ်ပိုင်သင်ခန်းစာတစ်ခု ရှိတယ်ဆိုရင်လည်း psdtuts ကို ပို့ခဲ့မယ်ဆိုရင်လည်း အနိမ့်ဆုံး $30 ကနေ စတင်ချီးမြှင့်ပေးပါလိမ့်မယ်။ psd file တွေကို အခမဲ့ရယူနိုင်တဲ့ source တစ်ခုလည်းဖြစ်ပါတယ်။
http://www.3dtotal.com
အခမဲ့ရယူနိုင်တဲ့ ebook တွေရယ်၊ သင်ခန်းစာ sample ဖိုင်တွေရယ်၊ ရှုမငြီးဖွယ် ရေးခြစ်တည်းဖြတ်တဲ့ 3d image တွေရယ်ပေါင်းစုပြီး user ကို ဆွဲဆောင်နေလေ့ရှိတာကတော့ 3D total ပဲဖြစ်ပါတယ်။ အခမဲ့ရယူဖို့အတွက် 'free stuff' section တစ်ခု ပါဝင်ပါတယ်။ တကယ်လို့ 3d image ပြုလုပ်တဲ့ ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက်လည်း link တွေ ပေးထားပါသေးတယ်။
http://www.photoshoptalent.com
ဒီ webpage ကတော့သမားရိုးကျသင်ခန်းစာ web စာမျက်နှာတွေကနေ ခွဲထွက်သွားပြီး အဖွဲ့အစည်းတစ်ခု အသွင်တည်ရှိစေပါတယ်။ Register လုပ်ပြီးတဲ့ အဖွဲ့အ၀င်တွေဟာ ကိုယ့်ရဲ့ photoshop အရည်အသွေးတွေကို မှတ်ကျောက်တင်ပြီး စမ်းသပ်နိုင်ပါတယ်။ ပထမဆုံး အပျော်တမ်းပြိုင်ပွဲတွေမှာ ကိုယ့်ရဲ့လက်ရာ (ရင်တွင်းဖြစ်) တွေကို တင်ပို့ပေးလိုက်ပါ။ အဖွဲ့ဝင်အချင်းချင်းတွေဆီကနေ အကြံဥာဏ်နဲ့ ထင်မြင်ချက်တွေ ပြန်ရောက်ရှိလာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချပြီဆိုရင်တော့ အနိမ့်ဆုံး ဒေါ်လာ 3000 ချီးမြှင့်မယ့် ပြိုင်ပွဲအစီအစဉ်တွေကို စတင်နိုင်ပါတယ်။
http://www.photoshopcandy.com
Photoshop ကို အသုံးပြုပြီး usb strick တစ်ခုကို ဘယ်လိုရေးဆွဲဖန်တီးမလဲ။ သစ်ရွက်အစိမ်းရောင်လေးတွေကို ဘယ်လိုရေးဆွဲမလဲ။ iPod ပုံစံ image ဘယ်လိုပြုလုပ်မလဲ စသဖြင့် သင်ခန်းစာကောင်းလေးတွေ အများအပြားရှိနေပြီး သင်ခန်းစာတွေရဲ့ source ဖိုင် (psd format) တွေကို download ရယူခွင့်ပြုထားပါတယ်။ ငွေကြေးချီးမြှင့်မယ့် ဒီဇိုင်းပြိုင်ပွဲတွေလည်းရှိနေပြီး account လုပ်ဖို့အတွက်တစ်ခုပဲ လိုအပ်ပါတယ်။
http://www.photoshop.dady.com
wordpress ကို အခြေခံတည်ဆောက်ထားပြီး illustrator နဲ့အလှဆင်တဲ့ web စာမျက်နှာလှလှလေးမှာတော့ 3D effects, drawing effect, texture နဲ့ pattern သုံးစွဲပုံ၊ digital painting စသဖြင့် သူသည်လည်းပဲ ဒီဇိုင်းသင်ခန်းစာ ကောင်းကောင်းလေးတွေ ရရှိနိုင်ပါတယ်။
http://www.tutdesk.com
Pen tool ကို အသုံးပြုနည်း၊ vistal စတိုင် ခရစ္စမတ် wallpaper ပြုလုပ်နည်း၊ web 2.0 စတိုင် icon နဲ့ button ပြုလုပ်နည်း၊ web စာမျက်နှာရေးဆွဲနည်း စတဲ့ သင်ခန်းစာတွေကို ထည့်သွင်းထားပါတယ်။ Dreamwaver, cinema 4D, 3D studio MAX, photoshop စသဖြင့် software တော်တော်များများအတွက် tutorial တွေရနိုင်ပါတယ်။
http://www.dr-photoshop.com
ဒီ site ကို မ၀င်ခင်မှာ အရင်ဆုံး Quick time player ကို Install လုပ်ထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ 08 x wallpaper ဘယ်လိုဖန်တီးမလဲ။ iPod ကို ကာတွန်းပုံစံ ဘယ်လိုလုပ်မလဲ။ ဆေးရောင်စုံ စာမျက်နှာတွေကို ဘယ်လိုချိန်ညှိဖန်တီးမလဲ။ ဓာတ်ပုံရဲ့ adjustment နည်းပညာစတဲ့ vedio file ပေါင်းများစွာကို Quick time player နဲပ vedio file တွေ အခမဲ့ရနိုင်လို့ပါပဲ။ ဒါ့အပြင်မှာ psd format နဲ့ file တွေကိုပါ ရရှိနိုင်တဲ့အတွက် သင့်အနေနဲ့ ကျေနပ်မယ်လို့ ယူဆမိပါတယ်။
Ref : ကွန်ပြူတာဂျာနယ်, July 2008, page 100, 101 မှ ကူးယူဖော်ပြသည်။
|
|
 |
|
|
|
|