|
|
|
 |
ကြိုဆိုပါတယ်ဗျာ ..................... |
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
 |
|
|
 |
အောင်မြင်သော Blog ကိုဖန်တီးကြရအောင်
ကိုယ်တည်ဆောက်ထားတဲ့ ကိုယ်ပိုင် Blog လေးကို အပြစ်အနာအဆာ ကင်းကင်းနဲ့ အောင်မြင်အောင် ဖန်တီးကျဖို့ အောက်ပါအချက်များကိုလေ့လာကြရအောင်
၁။ Browser မျိုးစုံနဲ့ အဆင်ပြေပါရဲ့ လား။
ကိုယ်ရေးသားထားတဲ့ Blog တစ်ခုဟာ IE,Firefox,Opera,Flock,Safari,Chrome စတဲ့  Browser မျိုးစုံကို အသုံးပြုပြီး ကွဲပြားခြားနားတာတွေကို စစ်ဆေးကြည့်သင့်ပါတယ်။များသောအားဖြင့်လူတစ်ယောက်ဟာ သူအားသန်ရာ Browser ကိုသာသုံးပြီးစမ်းသပ်လေ့ ရှိပါတယ်။မတူညီတဲ့  Browser တစ်ခုချင်းဆီမှာ image နဲ့  text တွေကို လက်ခံနိုင်မူ မတူညီပါဘူး။ ဒါကြောင့် browsershots.org လိုမျိုး service တွေနဲ့  multiple browsers တွေပေါ်မှာ အရင်စမ်းသပ်ကြည့် သင့်ပါတယ်။
၂။ Feed တွေအလုပ်လုပ်ရဲ့ လား။
ကိုယ်ရဲ့ blog.com/feeds ကနေတဆင့် ကိုယ့်ရဲ့  blog ထဲမှာရှိတဲ့ သတင်းတွေအသစ်တွေကို ဖြန့် ချိရမှာ ဖြစ်ပါတယ်။ Subscriber တွေကလဲ feed တွေအတွက် Email ချန်ထားခဲ့ ပြီး mail box ကနေသာ access လုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Feed တွေအလုပ်လုပ်ဖို့ အရေးကြီးပါတယ်လို့ "www.feedburner.com" ကို သုံးစွဲမယ် ဆိုရင် ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့  Feed ကိုကိုယ့်ရဲ့  Email နဲ့ news တွေကို Feed ကနေရမရ အရင်ဆုံးစမ်းသပ်ကြည့်သင့်ပါတယ်။ Feed တွေကိုလဲ Blog ရဲ့ အောက်ခြေမှာ နေရာမချမိပါစေနဲ့ အကောင်းဆုံးအနေနဲ့ ညာဘက် sidedar ခေါင်းစဉ်နဲ့ မနီးလွန်း၊ မဝေးလွန်း မှာထားသင့်ပါတယ်။
၃။ Sitemap တိကျမှုရှိရဲ့ လား။
Search engine တွေမှာ ရှိတဲ့ ရှာဖွေရေး ယန္တရားတွေက sitemap တွေကနေတစ်ဆင့် သူတို့ ရဲ့  engine ထဲကို အချက်အလက်တွေ စုဆောင်းဖြည့်ဆည်းပေးနေတယ်ဆိုတာ မမေ့ ပါနဲ့ ။SEO နဲ့ ranking အတွက် ဘယ်အရာတွေက အရေးကြီးဆုံးလဲဆိုတာ ကို http://www.google.com/webmasters မှာ လေ့လာနိုင်ပါတယ်။
၎။ 'About' နဲ့ 'Contact' အလုပ်လုပ်ရဲ့ လား။
Blogger တွေဟများသောအားဖြင့် 'About' နဲ့ 'Contact' Page တွေကို 'default' page အဖြစ်ထားတတ်ပါတယ်။တကယ်လို့ သာ 'About' နဲ့  'Contract' တွေမှာ blog ရဲ့ စာမျက်နှာတချို့ ရှိမနေရင် အခြား advertising ကြော်ငြာရှင်တွေဆီ ကနေ ဘယ်လိုမျိုး ၀င်ငွေရရှိနိုင်ပါတော့ မလဲ။
၅။ Link တွေအကုန်လုံးရော ချိတ်ဆက်မှုမှန်ကန်ပါရဲ့ လား။
ကိုယ့် ရဲ့ Blog မှာချိတ်ဆက်တင်ပြထားတဲ့ link တွေက ကိုယ်တင်ပြချင်တဲ့ နေရာကို မှန်ကန်စွာ ချိတ်ဆက်မိဖို့ အရေးကြီးပါတယ်။
၆။ Technorati လို social bookmarking တွေမှာကြော်ငြာနိုင်ပါတယ်။
ကိုယ့်ရဲ့ Blog ကို လူသိစေဖို့ အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ social network နဲ့  bookmarking site တွေမှာ register လုပ်ပြီးကြော်ငြာသင့်ပါတယ်။Stumple upon, delicious နဲ့  Technorati တို့ ဟာ Blog တွေအပြင် bookmarking အလုပ်တွေကိုပါ ကူညီလုပ်ဆောင်ပေးလေ့ရှိပါတယ်။ဒါကြောင့် ကိုယ့် ရဲ့ Blog တွေဟာဘယ်လိုအကြောင်းအရာတွေနဲ့ ဖွဲ့ စည်းထားတယ်ဆိုတာ သွားရောက်ပြီးကြော်ငြာ သင့်ပါတယ်။
၇။ မာတိကာ ရှိပါရဲ့ လား။
ကိုယ့် ရဲ့ Blog ရဲ့  မာတိကာ 'Content' ကို ကိုယ်အဓိက ဦးတည်တဲ့ ပရိတ်သတ်ဆီရောက်ဖို့ Subject မျိုးစုံခွဲထုတ်ပြီး တင်ပြနိုင်ဖို့ အရေးကြီးပါတယ်။
၈။ ဖော်ပြမယ့် အကြောင်းအရာတွေ အဆင်သင့်ရှိနေပါစေ။
ကိုယ်မှာ စုဆောင်းထားတဲ့ အရာတွေကို တင်ပြနိုင်ဖို့ အဆင်သင့်စုဆောင်းထားပါ။ဘာပြီးရင်ဘာထည့်မယ်ဆိုတဲ့ 'Schdule' ကို blog တွေထဲမှာစီစဉ်ထားပါ။
၉။ ကိုယ့်ရဲ့ နာမည်ကို ဘယ်နှစ်ယောက် သိပါသလဲ။
စည်းမျဉ်းအရတော့ ကိုယ်သုံးစွဲမယ့် ခေါင်းစဉ် ကိုယ့် Blog ရဲ့ နာနည်နဲ့ forum တွေအခြား Blog တွေမှာ လှုပ်ရှားပြီး လူသိများလာအောင် လုပ်ဆောင်ဆို့ တိုက်တွန်းထားပါတယ်။
၁၀။ Blog ကိုဘယ်လိုကြေငြာ ဖြန့်မလဲ။
Blog directory တွေ ပေါ်မှာရှိနေပါစေ။ widget တွေကိုလဲ ချိတ်ဆက်ထားပါ။နေရာမျိုးဆုံးကို လျှောက်သွားပြီးအချို့ site တွေကိုဝင်ပါ။ Register လုပ်ပါ။ကိုယ့် ရဲ့ တငပြချင်တဲ့ အကြောင်းအရာကို မရိုးအီစေတဲ့ အကြောင်းအရာတွေကို ပုံမှန်တင်ဆက်သွားမယ်ဆိုရင် အောင်မြင်တဲ့ Blog တစ်ခုကိုပိုင်ဆိုင်နိုင်မှာပါ။
Label : Blog
Remark : 2008 အောက်တိုဘာလထုတ်ကွန်ပျူတာဂျာနယ်မှာ Blog မရေးခင်သိသင့်တဲ့ အချက်(၁၀)ချက်ဆောင်းပါးအားထပ်ဆင့်မျှဝေပါသည်။
|
|
 |
|
|
|
|