|
|
|
 |
ကြိုဆိုပါတယ်ဗျာ ..................... |
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
 |
|
|
 |
Search Engine တွေကို အကောင်းဆုံးအသုံးချနည်းလမ်းများ 
ဒီနေ့ခေတ် အင်တာနက်သုံးသူတွေ ဂူးဂဲလ်လိုမျိုး ရှာဖွေရေး အင်ဂျင်တစ်ခုခုကနေ စပြီး
သုံးလေ့ရှိပါတယ်။ အင်တာနက်ပေါ်မှာ သန်းပေါင်း သိန်းသန်းနဲ့ ချီပြီး စာမျက်နှာတွေ
ဝက်ဘ်ဆိုက်တွေ ရှိလာတဲ့အခါမှာ စာအုပ်လှန်ဖတ်သလို လုပ်လို့ မဖြစ်နိုင်တော့ပါ။
ကိုယ်လိုချင်တာကို တန်းရှာနိုင်မှပဲ အဆင်ပြေတော့မယ်။ ဒါတောင်မှ ကိုယ်ရှာတဲ့
စကားလုံးတွေတိုင်း အတွက် စာမျက်နှာပေါင်း ထောင်သောင်းနဲ့ ချီပြီး ထွက်လာလေ့
ရှိပါတယ်။ Britney Spears ကို ရှာကြည့်တာ စာမျက်နှာပေါင်း ၇၃သန်းပေါ်မှာ တွေ့နိုင်
ပါတယ်တဲ့။
ဒါပေမယ့် အဲဒီ ၇၃သန်းထဲမှာ ထိပ်ဆုံးလင့်ခ်ကတော့ BritneySpears.com ဆိုတဲ့
ဘရစ်တနီရဲ့ တရားဝင်ဆိုက်ပဲ ဖြစ်ပါတယ်။ ဒါဟာ တော်တော်လေး သင့်တော်တဲ့
အရာပါ။ ၇၃သန်းသော စာမျက်နှာတွေထဲကနေ BritneySpears.com ဟာ ထိပ်ဆုံးမှာ
ဖော်ပြခံသင့်တယ်ဆိုတာကို ဂူးဂဲလ်က ဘယ်လိုများ သိပါလိမ့်။
ဒီလို ကိုယ်နဲ့ သက်ဆိုင်တဲ့ စကားလုံးတွေ ရှာစဉ်မှာ ကိုယ့်ဆိုက်ကို ထိပ်နားက ပေါ်လာ
အောင် လုပ်တာကို Search Engine Optimization (SEO) လုပ်တယ်လို့ ခေါ်ပါတယ်။
TechNews World က ဒီလုပ်ငန်းအတွက် အကြံပြုချက် ၁၀ချက်ကို ပထမပိုင်း နဲ့
ဒုတိယပိုင်း ခွဲပြီး ဖော်ပြခဲ့ပါတယ်။ ဘာသာပြန် အတိုချုံ့ပြီး ဖော်ပြအပ်ပါတယ်။
အင်တာနက်ရှာဖွေရေးအင်ဂျင်များကို အသုံးချဖို့ အကြံပြုချက် ၁၀ချက်
1. ရှာဖွေရေးအင်ဂျင်တွေရဲ့ လမ်းညွှန်ချက်တွေကို အစဉ်အမြဲ သိရှိနားလည်အောင်
လုပ်ထားပါ။
2. စာမျက်နှာရဲ့ ခေါင်းစဉ်ကို သတိထားပါ။ Title tag ထဲမှာ ရေးထားတဲ့ စာပါ။
3. ပုံတွေကို ပုံစာတပ်ပါ။ ပုံ၊ အသံ၊ ဗီဒီယို စတာတွေကို ရှာဖွေရေး အင်ဂျင်တွေက
အလိုအလျောက် သိနားလည်နိုင်ခြင်း မရှိသေးပါဘူး။ ပုံစာတွေနဲ့ တွဲဖော်ပြပါ။
4. လင့်ခ်အလဲအလှည်ဆိုက်တွေမှာ ပါဝင်ပါ။ သူများတွေက ကိုယ့်ဆိုက်ကို လင့်ခ်
လုပ်ချင်လောက်အောင် စာသား၊ အကြောင်းအရာ၊ အရေးအသား၊ ဖွဲ့စည်းပုံတွေ
ပြင်ဆင်ပါ။
5. စာမျက်နှာတွေကို အမြဲပြင်ဆင်နေပါ။ ဂူးဂဲလ်လိုမျိုး ကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့
ရှာဖွေရေး ဖော်မြူလာတွေကို အမြဲတမ်း ပိုကောင်းအောင် ပြုပြင်မွမ်းမံနေတာ
ဖြစ်ပြီး သုံးလတစ်ခါလောက် ပြောင်းလဲပါတယ်လို့ ခန့်မှန်းကြပါတယ်။
6. အင်ဂျင်တွေထဲပါအောင် ကိုယ့်ဆိုက်သစ်ရဲ့ လိပ်စာကို ကိုယ်က သွားထည့်ရပါတယ်။
ကျွန်တော်ဒီမှာပါဆိုပြီး ပြောသလိုပေါ့။ ဒါပေမဲ့ အဲဒါကို အပြင်မှာ ထပ်ခါတလဲလဲ
ပြောနေရင် လူတွေ နားညီးသလိုပဲ ရှာဖွေရေးအင်ဂျင်တွေကလည်း မကြိုက်တတ်ပါ
ဘူး။ ရှာဖွေရေး အင်ဂျင်တွေထံ သင့်စာမျက်နှာရဲ့ လိပ်စာကို တစ်ကြိမ်နှစ်ကြိမ်ပဲ
ပြောပါ။
7. ကိုယ်ကလည်း လင့်ခ်ပြန်ချိတ်ထားဖို့ လိုပါမယ်။ ကိုယ့်လင့်ခ်တွေကလည်း တစ်ကယ်ရှိ
တယ့် စာမျက်နှာ တစ်နေရာကို တစ်ကယ် ညွှန်းထားဖို့လိုပါတယ်။ မဟုတ်ရင် အင်ဂျင်
တွေက မကြိုက်တတ်ပါဘူး။
8. Flash တွေချည်းပဲ သုံးပြီး တစ်ဆိုက်လုံးကို မလုပ်ပါနဲ့(အုံး)။ အခုအချိန်မှာတော့
အင်ဂျင်တွေဟာ ဖလက်ရှ်ဖိုင်တွေထဲက စာတွေကို မဖတ်တတ်သေးပါဘူး။
လှလို့ ကြိုက်လို့ သုံးမယ်ဆိုရင်လည်း အင်ဂျင်တွေ ဖတ်နိုင်တဲ့ စာသားပါတဲ့ စာမျက်နှာ
လေးတွေ တွဲလုပ်သင့်ပါတယ်။
9. အင်ဂျင်တွေရဲ့ ရှာဖွေရေးဖော်မြူလာတွေ ပြောင်းတိုင်း အရူးအမူး လိုက်လုပ်နေဖို့
မကြိုးစားပါနဲ့။ ကိုယ်ပဲ ရူးသွားလိမ့်မယ်။
10. Pop-up တွေဟာ အဆင်ပြေပေမယ့် ကြော်ငြာဗုံး (spam sites) တွေနဲ့ အတူ
သတ်မှတ်ခံနိုင်ဖွယ်ရာ ရှိလို့ ဒါတွေကို ဆင်ခြင်သုံးသင့်ပါတယ်။
------------------------------------------------------------------------------------
|
|
 |
|
|
|
|